ဘယ်လိုအရည်အသွေးတွေက programmer ကောင်းတယောက်ဖြစ်စေတာလဲ

What are qualities that make a good programmer? ဆိုတဲ့ reddit မေးခွန်းအောက်က အဖြေတွေပါ။ အထူးသဖြင့် အခုချိန် programming သင်ပြီး programmer လုပ်သင့်မသင့် ချိန်ဆနေတဲ့သူတွေ ဖတ်ကြည့်သင့်တယ်လို့ ထင်တယ်။

- logical brain ရှိဖို့လိုတယ်။

ကျောင်းတုန်းက သင်္ချာနဲ့အဆင်ပြေခဲ့ရင် programming နဲ့လည်း အဆင်ပြေဖို့များတယ်။ ဒါပေမယ့် နေ့တိုင်း code ရတဲ့အထဲမှာတော့ သင်္ချာသုံးမနေရပါဘူး။

- self-learning လုပ်နိုင်ရမယ်။

အလုပ်ခွင်မှာ လုပ်ရမယ့် task တွေက အမြဲတမ်း အဖြေပေါ်ပေါ်ထင်ထင် ရှိနေမှာတွေချည်းမဟုတ်ပဲ ကိုယ့်အားကိုယ်ကိုး research လုပ်ရမှာဖြစ်လို့ problem solving အားကောင်းရမယ်။ အဖြေတွေကို ဘယ်သူမှ ကိုယ့်ကို အဆင်သင့် ချမပေးနိုင်ဘူး။

- စားပွဲမှာ တနေကုန် ထိုင်အလုပ်လုပ်နိုင်ရမယ်။

တခါတလေမှာ ဘာမှားနေမှန်း မသိတဲ့ ပြဿနာတခုကို မရမချင်းစမ်းနေရမယ်။ အဲအတွက် စိတ်ရှည်ရှည်နဲ့ လက်မလျှော့ပဲ ထိုင်လုပ်နိုင်တဲ့သူမှပဲ အဆင်ပြေလိမ့်မှာ။

- ဖန်တီးရတာ၊ ပြဿနာဖြေရှင်းရတာ ကြိုက်ရမယ်။

DIY ဆင်ရတာကြိုက်လား။ Lego ဆက်ရတာကြိုက်လား။ တနေ့တနေ့ ဟိုပြင်ဒီပြင် လုပ်ရတာကြိုက်လား။ သီချင်းနဲ့ စာရေးရတာကြိုက်လား။ ဒါဆိုရင် programmer အလုပ်နဲ့ ကိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ programmer ဖြစ်ပြီဆိုတဲ့အခါ နေ့တိုင်း တခုခုမဖန်တီးရင် တခုခုပြင်နေရမှာမို့ပဲ။

- ဘယ်သူမှ အကုန်မသိနိုင်ဘူးဆိုတာ လက်ခံပါ။

ဘယ် programmer မှရှိသမျှ အကုန်မသိနိုင်ပါဘူး။ အဲဒီတော့ ကိုယ်မသိသေးတာတွေ အများကြီး ရှိနေဦးမယ်ဆိုတာကို လက်ခံပြီး အမြဲတမ်း အသစ်အသစ်တွေ လေ့လာသွားချင်တဲ့သူ လေ့လာသွားနိုင်တဲ့သူ ဖြစ်ရမယ်။

- ပျင်းရမယ်၊ တုံးရမယ်၊ မေ့တတ်ရမယ်။

ပျင်းတဲ့ programmer တွေက ပြဿနာတွေကို ပုံကြီးချဲ့ပြီး ရှင်းမှာ မဟုတ်ဘူး။ တုံးတဲ့ programmer တွေက ပြဿနာတိုင်းအတွက် အရိုးရှင်းဆုံး ဖြေရှင်းနည်းတွေ ယူလာလိမ့်မယ်။ မေ့တတ်တဲ့ programmer တွေက အလေ့အကျင့်ကို ​အားကိုးလိမ့်မယ်။

Reddit: What are qualities that make a good programmer?