Programming ရဲ့ 80:20 rule

80:20 rule ဆိုတာရှိတယ်။ ကိုယ်လုပ်ရမယ့်၊ လေ့လာရမယ့်ဟာမှန်သမျှမှာ အဓိကအကျဆုံး 20% ဆိုတာမျိုးပေါ့။ အဲဒီ 20% က result ရဲ့ 80% ကိုရအောင်ယူပေးနိုင်တယ်။ small effort, huge result ပေါ့လေ။ ပြောရရင် cheatcode ပဲ။ တခုတော့ရှိတယ်။ ဘယ် 20% လဲဆိုတာတော့ ရှာတတ်ရမယ်။ Programming မှာအဲဒီ 20% ကဒါတွေ။

စာပုံမှန်လုပ်သွားရင် ဒီဟာက ၁ နှစ်ခွဲပဲ။ ဒီထဲ ပါသမျှ သိပြီဆို နောက်ထပ် gap တွေလိုက်ဖြည့်သွားဖို့ မခက်တော့ဘူး။ အဲတော့ ဝူးဝူးဝါးဝါး လျှောက်လုပ်မယ့်အစား အချိန် သိပ်မပေးနိုင်ဘူးဆို အခု 20% ကိုအာရုံစိုက်။ တခုချင်းစီမှာလည်း 20% ကိုထပ်ရှာပေါ့။ C နဲ့ Java တခုရွေးတယ်ဆိုပြီး C skill 10/10 ရအောင် ထိုင်လုပ်နေရင်လည်း ရှေ့ရောက်တော့မှာမဟုတ်ဘူးလေ။ ခေါင်းသုံးရမယ်။